Skip to content

စည်းကမ်းချက်များ

ရွှေလက်မြဲ ဘဝလက်တွဲဖော် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် (Service Provider) နှင့် ဘဝလက်တွဲဖော် ရှာဖွေသူ (Client or
LoveSeeker) တို့ကြား အသိပေး သဘောတူညီမှုဆိုင်ရာ အကြောင်းအရာ

               ရွှေလက်မြဲ ဘဝလက်တွဲဖော် (အိမ်ထောင်ဘက်) ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း အား အသုံးပြု ရှာဖွေချင်သူ (Client or Loveseeker) အနေဖြင့် မန်ဘာဝင် ဖြစ်သည့်နေ့မှစ၍ ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ရွှေလက်မြဲ ကုမ္ပဏီ အနေဖြင့်လည်း  Client များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားပေးရန် နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆောင်ရွက်ပေးရန် သိရှိနားလည်ပြီး ဖြစ်ပါသည်။

            စည်းမျဉ်းစည်းကမ်းများသည် ဝန်ဆောင်မှု ပုံစံအလိုက် လိုက်လျောညီထွေ အောင် ရွှေလက်မြဲ ကုမ္ပဏီဘက်မှ အခါအားလျော်စွာ ပြင်ဆင်ခွင့်ရှိမည်ဖြစ်ပြီး ပြင်ဆင်သတ်မှတ်ချက်များကို အများပြည်သူ သိရှိစေရန် Webiste ပေါ်မှ ဖြစ်စေ၊ Shwe Lat Myal Facebook Page မှဖြစ်စေ ထပ်မံအသိပေးသွားမည်ဖြစ်သည်။ မန်ဘာဝင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းအပြောင်းအလဲ Updated News များသိရှိနိုင်ရန် Shwe Lat Myal (Facebook) page အား Like & Follow ပြုလုပ်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မန်ဘာဝင်ရန် မှတ်ပုံတင်ခြင်း နှင့် အောင်သွယ်တော်များနှင့် ဆွေးနွေးခြင်း (Registration Process for the Membership)
လိုက်ဖက်ညီသောသူ အချင်းချင်း မိတ်ဆက်အောင်သွယ်ရေး ဝန်ဆောင်မှု (Matchmaking Process)
အောင်သွယ်အပြီး ရွှေလက်တွဲသည့်တိုင် အကြံပြုဆွေးနွေးပေးခြင်း ဝန်ဆောင်မှု (After Successfully Matched Process)