Skip to content

Latest News

Matchmaking service ကို ဘာလို့ သုံးသင့်တာလဲ???

တစ်ဟုန်ထိုး ပြောင်းလဲနေတဲ့ခေတ်ထဲမှာ ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ပါတနာကို ရှာဖွေဖို့က သိပ်မလွယ်တဲ့ ကိစ္စပါပဲ။ တိုးတက်လာတဲ့ နည်းပညာတွေရဲ့နောက်မှာ အွန်လိုင်း Dating App တွေနဲ့ ဝက်ဘ်ဆိုက်တွေဟာလည်း တော်တော်လေး ပေါ်ပြူလာဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်းတော့ အသင့်တော်ဆုံးနဲ့ အဆင်ပြေဆုံးဆိုတဲ့ အခြေအနေကို မဖန်တီးပေးနိုင်ကြဘူး။ အဲ့ဒီ့အတွက် နောက်ပိုင်းမှာတော့ matchmaking service တွေပေါ်လာခဲ့ပါတယ်။ ကိုယ်နဲ့ တွဲဖက်ညီတဲ့ ပါတနာရှာဖွေရာမှာ matchmaking service တွေကို အသုံးပြုခြင်းက ဘယ်လောက်ထိရောက်မှုရှိလည်းဆိုတဲ့ အကြောင်းအချက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ တဦးတယောက်ချင်းစီအတွက် သီးသန့်စီမံပေးမှု

အွန်လိုင်း dating apps တွေလို မဟုတ်ဘဲ matchmaking service က ပုဂ္ဂိုလ်ရေးဆန်ဆန် သီးသန့် စီမံပေးမှုတွေနဲ့ ထူးထူးခြားခြား အတွေ့အကြုံတွေကို ရရှိမှာဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ဆွေးနွေးမှုများအတွက် ရင်းနှီးဖော်ရွေပြီး စိတ်ချယုံကြည်ရတဲ့ matchmaker နဲ့ တစ်ယောက်ချင်း အေးအေးဆေးဆေး ဆွေးနွေးဆောင်ရွက်နိုင်တယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ စိတ်ဝင်စားမှုများနဲ့ relationship goal တွေအပေါ် မူတည်ပြီး အကိုက်ညီဆုံးဖြစ်မယ့် အရာတွေကို ပြောဆိုဆွေးနွေးနိုင်တယ်။ ပုဂ္ဂိုလ်ရေးအရ နားလည် သဘောပေါက်တဲ့အတွက် ထိရောက်တဲ့ ရှာဖွေမှုတွေပြုလုပ်နိုင်ပြီး ရလဒ်အနေနဲ့ ပိုလိုက်ဖက်တဲ့ ဘက်ညီသူတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။

၂။ အချိန်ကုန်သက်သာခြင်း

အချိန်ဟာ ရွှေလို တန်ဖိုးကြီးနေတဲ့ ဒီနေ့ခေတ်ထဲမှာ ကိုယ့်ရဲ့ အချိန်တွေ အလကားမဖြစ်သွားဖို့ဆို ပရော်ဖက်ရှင်နယ် ကျကျ သင့် လိုအပ်ချက်အတွက် ရှာဖွေဖြည့်ဆည်းပေးနိုင်တဲ့ Matchmaking service နဲ့ လက်တွဲဖို့လိုပါတယ်။ Profile တွေကို အချိန်အကြာကြီးပေး ရွေးနေစရာမလိုတော့တဲ့အပြင် ကိုယ်နဲ့ အဆင်ပြေ မပြေ တပ်အပ်မသိနိုင်တဲ့ date မျိုးတွေကို ရှောင်ရှားနိုင်မယ်။ ကိုယ် သီးသန့် ရွေးချယ်ထားတဲ့ အချက်အလက်တွေထဲကမှ အဆင်ပြေဆုံးဖြစ်မယ့် ပါတနာကို စီစစ်ရွေးချယ်ပြီး Matchmaker မှ တာဝန်ယူမိတ်ဆက်ပေးမှာဖြစ်ပါတယ်။

၃။ အတွဲအဖက်ညီခြင်း

Matchmaking service တွေမှာ ဘဝလက်တွဲဖော်အတွက် စူးစူးစိုက်စိုက်ရှာဖွေနေကြတဲ့ လူကြီးလူကောင်းတွေရဲ့ ဒေတာအချက်အလက်တွေ ရှိပါတယ်။ မိတ်မဆက်ပေးခင်ကတည်း အတွဲအဖက်ဖြစ်လာနိုင်သူရဲ့ နောက်ကြောင်း အခြေအနေနဲ့ ဖြစ်တည်မှုကို သေချာစစ်ဆေးတယ်။ တစ်ယောက်နဲ့တစ်ယောက် relationship goals, တန်ဖိုးထားမှုတွေနဲ့ နေပုံထိုင်ပုံတွေနဲ့ ကိုက်ညီမှုရှိရဲ့လား၊ လိုက်ဖက်မှုရှိရဲ့လားဆိုတာကို သေချာဆန်းစစ် ပြီးမှ ရွေးချယ်နိုင်ပါတယ်။

၄။ လုံခြုံစိတ်ချရခြင်း

အွန်လိုင်း Dating App တွေ အသုံးပြုတဲ့အခါ မိမိအတွင်းရေး လုံခြုံမှုတွေနဲ့ ပတ်သက်ရင် စိုးရိမ်ရတဲ့ ကိစ္စတွေရှိပါတယ်။ ဒါပေမယ့် matchmaking service ကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အတွင်းရေးတွေကို လျှို့ဝှက် ထိန်းသိမ်းပေးထားမှာဖြစ်တဲ့အတွက် ရင်အေးရမယ်။ Matchmaker တွေက သင့်ရဲ့ ဦးစားပေးအချက်အလက်တွေနဲ့ သင့်အကြောင်းကို သိရဖို့ အချိန်ယူဦးမှာဖြစ်တယ်။ သင့်လိုမျိုး ရေရှည် Relationship တည်ဆောက်ဖို့အလေးအနက်ထားသူချင်း ဆုံတွေ့နိုင်ဖို့ကိုပဲ ရှေးရှုတယ်။ မိတ်ဆက်ပေးတဲ့အခါမှာလည်း လုံခြုံမှုရှိရှိနဲ့ သေသေချာချာ စီစဉ်ဆောင်ရွက်ပေးတယ်။ မှားယွင်းတဲ့ ဆုံတွေ့မှုတွေ မဖြစ်ဖို့ တာဝန်ယူမှုရှိပါတယ်။

၅။ Relationship Coaching

Matchmaking service တွေဟာ အမြဲလိုလို အပိုဝန်ဆောင်မှုအဖြစ် relationship coaching ပါ ဆောင်ရွက်ပေးတတ်ကြပါတယ်။ Dating လုပ်တာနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြသမှုတွေနဲ့ ပရောဖက်ရှင်နယ်ဆန်ဆန်အကြံပေးမှုတွေကိုလည်း ရရှိမှာဖြစ်တယ်။ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အကူအညီတွေ လိုအပ်တာမျိုး၊ ဆုံးဖြတ်ချက်ချဖို့၊ Relationship အသစ်တစ်ခုတည်ဆောက်ဖို့ စတဲ့ ကိစ္စတွေနဲ့ အပြင် အောင်မြင်တဲ့ Relationship တစ်ခုတည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အကူအညီကောင်းတွေကို matchmaker တွေက ပေးစွမ်းနိုင်ပါတယ်။

အဆုံးသတ်အားဖြင့် ဘက်ညီမှုရှိတဲ့ ပါတနာကောင်းတစ်ယောက်ကို ရှာဖွေရာမှာ matchmaking service တွေကို ယုံကြည်အပ်နှံမယ်ဆိုရင် အကျိုးကျေးဇူးတွေ များစွာ ရရှိမှာဖြစ်ပါတယ်။ ဘဝလက်တွေဖော်ကို ရှာဖွေဖို့ အဘက်ဘက်ကပြည့်စုံတဲ့ ဝန်ဆောင်မှုတွေပေးမယ့် service ကို ရှာနေတယ်ဆိုရင်တော့ Shwe Lat Myal ကို ယုံကြည့်အားကိုးပြီး Register လုပ်လိုက်ဖို့ တိုက်တွန်း ချင်ပါတယ်။